Saturday, November 12, 2016

Samsung Galaxy On 7

 Samsung Galaxy On 7 ကို Dual-SIM အသုံးပြုနိုင်ပြီး 2G, 3G, 4G ကွန်ရက်တွေထိ ချိတ်ဆက်သုံးစွဲနိုင်ပါတယ်။ (5.98×3.05×0.32) လက်မအရွယ်အစားရှိပြီး 172g လေးပါတယ်။ ၅.၅ လက်မအရွယ် Display ပါဝင်ပြီး TFT အမျိုးအစား touchscreen ကို အသုံးပြုထားပါတယ်။ ရုပ်ထွက်အရည်အသွေး Full HD ကို ပံ့ပိုးပေးနိုင်ပြီး 720× 1280 pixels ပမာဏရရှိနိုင်ပါတယ်။ ရုပ်ထွက်သိပ်သည်းဆ 267ppi ပါဝင်ပါတယ်။ Galaxy On 7 မှာ Android OS 5.1 (Lollipop) ထည့်ပေးထားပါတယ်။ ဖုန်းရဲ့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို 1.2GHz မြန်နှုန်းရှိ Quad-core processor က လုပ်ဆောင်ပေးမှာဖြစ်ပြီး RAM 1.5GB ပါရှိပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 8GB ရှိပြီး micro SD နဲ့ 128GB အထိ ထပ်မံတိုးမြှင့်နိုင်ပါတယ်။ Galaxy On 7 ရဲ့ကျောဘက်မှာ 13MP ကင်မရာကို တပ်ဆင်ထားပြီး LED flash နဲ့ပါ တွဲဖက်ထားပါတယ်။ Full HD 1080p ဗီဒီယိုကို 30fps နဲ့ရိုက်ကူးနိုင်ပြီး ရှေ့ကင်မရာ 5MP ကို တွေ့ရပါတယ်။ Geo-tagging, touch focus, Face detection ကင်မရာ features တွေ ထည့်သွင်းပေးထားပါတယ်။ Samsung Galaxy On7 မှာ အလွယ်တကူ ဖြုတ်/တပ်နိုင်တဲ့ ဘက်ထရီပါဝင်ပြီး Li-ion 3000mAh ဘက်ထရီဖြစ်ပါတယ်။ အဖြူ နဲ့ အနက် ၂ ရောင် ရှိပါတယ်။
Specification
Display : 5.5 inches, TFT capacitive touchscreen
Memory : 8 GB, 1.5 GB RAM, microSD, upto 128GB
Camera : 13 Megapixel, f/2.1, autofocus, LED flash, Geo-tagging
OS : Android OS, v5.1 (Lollipop)
Phone : 01-398436 (UNiQUE)

Price - 205,000 Ks
Read More

Huawei P8 Lite


Huawei သည် P8 နဲ့ပတ်သက်၍ အမျိုးအစားများကို ထုတ်လုပ်ပေးထား ပါတယ်။ P8, P8 Lite နှင့် P8 Premium ဆိုပြီး ၀ယ်ယူရရှိနိုင် ပါတယ်။ P8 Lite ဟာ ၂၀၁၅ ခုနှစ်၊ မေလက ထုတ်လုပ်ရောင်းချ ထားတာ ဖြစ်ပြီး ဖုန်းရဲ့ အရွယ် အစားပမာဏ ကတော့ 143×70.6×7.7 mm ရှိကာ အလေးချိန် သည် 131g ဖြစ်ပါတယ်။ SIM card (2) card ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ ထည့်သွင်းအသုံးပြုရမယ့် SIM Card အမျိုး အစားကတော့ Micro SIM နဲ့ Nano SIM ပါ။ ထောက်ပံ့ပေးထားသော Network အမျိုးအစားမှာ 2G, 3G,4G ဖြစ်ပါတယ်။ IPS LCD Capacitive Touchscreen ရဲ့အကျယ်အ၀န်းပမာဏကတော့ 5 inches ဖြစ်ပါတယ်။ P8 ဟာ P8 Lite ထက် 0.2 inches ပိုမိုကျယ်ဝန်းပါတယ်။ မြင်ကွင်း စွမ်းရည် အပိုင်းတွင်လည်း P8 က ပိုမိုကောင်းမွန်ပါတယ်။ P8 တွင် Pixels ပမာဏ အနေဖြင့် 1080×1920 ပါရှိပြီး ၁ လက်မမှာ ရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 424 ppi ပါ။ P8 Lite တွင် 720×1280 Pixels ပမာဏ ပါရှိပြီး ၁ လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 294 ppi ပါ။ P8 Lite အသုံးပြုနိုင်မယ့် Multi Touch စနစ်ကတော့ Emotion 3.1 UI ဖြစ်ပါတယ်။ သုံးစွဲနိုင်မယ့် OS အမျိုးအစားမှာ Android ဖြစ်ပြီး Version မှာ 5.0.2 ဖြစ်ပါတယ်။ ပါရှိသော CPU ရဲ့စွမ်းရည် ကတော့ Octa-core 1.2 GHz ဖြစ်ခြင်းကြောင့် လျင်မြန်သောတုံ့ပြန်မှုများကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ပါရှိသော Chipset အမျိုးအစားမှာ HiSilicon Kirin 620 ဖြစ်ပါတယ်။ GPU ကိုတော့ Mali- 450MP4 အမျိုးအစားကို ထည့်သွင်းပေးထားပါတယ်။


Huawei သည် P8 နဲ့ပတ်သက်၍ အမျိုးအစားကွဲများကို ထုတ်လုပ် ပေးထား ပါတယ်။ P8, P8 Lite နှင့် P8 Premium ဆိုပြီး ၀ယ်ယူရရှိနိုင် ပါတယ်။ P8 Lite ဟာ ၂၀၁၅ ခုနှစ်၊ မေလကထုတ်လုပ် ရောင်းချထားတာဖြစ်ပြီး ဖုန်းရဲ့ အရွယ် အစားပမာဏကတော့ 143×70.6×7.7 mm ရှိကာ အလေးချိန် သည် 131g ဖြစ်ပါတယ်။ SIM card (2) card ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ထည့်သွင်းအသုံးပြုရမယ့် SIM Card အမျိုး အစားကတော့ Micro SIM နဲ့ Nano SIM ပါ။ ထောက်ပံ့ပေးထားသော Network အမျိုးအစားမှာ 2G, 3G,
ကင်မရာနှစ်မျိုးနှစ်စားတပ်ဆင်ပေးထားပြီး အဓိကကင်မရာကတော့ 13MP ဖြစ်ပါတယ်။ f/ 2.0 ပါရှိပါတယ်။ ရှေ့ကင်မရာငယ် သည် 5MP စွမ်းရည်ရှိပြီး 720p စွမ်းရည်ဖြင့် ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ အဓိကကင်မရာဖြင့် ဗီဒီယို ရိုက်ကူးမယ်ဆိုရင် 1080p စွမ်းရည်ဖြင့် ရိုက်ကူးပါက တစ်စက္ကန့်ကို 30 Frames နှုန်း ရရှိပါမယ်။ မှတ်ဥာဏ်ပမာဏအပိုင်း၌ RAM ကို 2GB ထည့်သွင်း ပေးထားပြီး Internal Storage တွင် 16GB ပါရှိအောင် ဆောင်ရွက် ပေးထားပါတယ်။ အချက်အလက် အများအပြား သိမ်းဆည်း နိုင်အောင်လည်း Card Slot စနစ်ထည့်သွင်းပေးထားပြီး 128GB အထိ ချဲ့ထွင် အသုံးပြုနိုင်ပါတယ်။ Active Noise Cancellation with Dedicated Mic စနစ်ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ Bluetooth Version မှာ 4.0 ဖြစ်ပါတယ်။ အားသွင်း အသုံးပြုနိုင်မယ့် ဘက်ထရီအမျိုးအစားမှာ Li-Ion 2200 mAh ဖြစ်ပါတယ်။ 3G Network တွင် (၃၈၀)နာရီ နီးပါးနှင့် စကား ပြောဆိုဖို့ (၁၁)နာရီနီးပါး ခံနိုင်စွမ်းရှိပါမယ်။ အရောင်(၃)ရောင်ဖြင့် P8 Lite ကို ထုတ်လုပ်ပေးထားပါတယ်။
<Specification>
Network - GSM/HSPA/LTE
Processor - Octa-core 1.2 GHz
Screen - 5 inches
Camera - 13 MP
Bluetooth - v4.0
Storage - up to 128 GB
OS - Android OS,v5.0.2
Price - 189,000/-

Credit - Mobile Guide Journal
Read More